မိမိတို့၏ ယာဉ်လိုင်းကို ဝန်ဆောင်မှု အဆင့်မြင့်တင်ဖို့ စဉ်းစားနေကြပါသလား
ရန်ကုန်-မော်လမြိုင်- ဘားအံ ခရီးစဉ်များ ပြေးဆွဲနေကြသော ယာဉ်လိုင်းပိုင်ရှင်ကြီးများ၊ မော်တော်ယာဉ်မှူးကြီးများရှင်...
ကျွန်မတို့ ကျိုက်ထို ခိုင်ခိုင်ကျော်ဆိုင်ခွဲအနေနဲ့ လူကြီးမင်းတို့နဲ့အတူလက်တွဲ၍ ခရီးသွားပြည်သူများအပေါ် ဧည့်ခံ တာဝန်ယူပေးနိုင်တဲ့အချက်များကို မိတ်ဆက်ပေးရစေ။
- အိမ်သာများသန့်ရှင်းမှု ပထမအဆင့် ဖြစ်ရန် ခရီးသွား ပြည်သူ(၂၅၀) တစ်ပြိုင်နက် သုံးဆောင်နိုင်သည့် အဆင့်မြင့် အဆောက်အဦးနှင့် ကျွန်းစားပွဲထိုင်ခုံများခင်းကျင်းထားခြင်း၊
- ရောင်းချသောမြန်မာအစားအစာ၊ တရုတ်အစားအစာ၊စားဖွယ်စုံ အစားအစာတစ်ခုချင်း၏အရသာ၊ အရည်အသွေးများကို ဆိုင်ပိတ်ချိန် လူကြီးမင်းတို့၏နောက်ဆုံးကား ဆိုက်ရောက်ချိန်အထိ တာဝန်ယူရောင်းချပေးနိုင်ခြင်း၊
- မြန်မာထမင်းဟင်းနှင့် ပတ်သက်၍ အရံဟင်း/ငပိတို့စရာ/အချိုပွဲ/ အရည်သောက်/ရေသန့်တို့ကို ခရီးသွားများအတွက် ခိုင်ခိုင်ကျော်ဆိုင်ခွဲ ပုံစံများအတိုင်း စိတ်ကြိုက်သုံးဆောင်နိုင်ရန် (ဘူးဖေး)စနစ်ပြင်ဆင်ပေးထားခြင်း၊
- စားစရိတ်ချွေတာလိုသော ခရီးသွားပြည် သူများအတွက် တစ်ခါပြင်(၃၀၀၀) သက်သာအထူးဆိုင်ကို တွဲဖက်ဖွင့်ထားပေးခြင်း၊
- မြေ(၉)ဧက အကျယ်အဝန်းပေါ်တွင် ထမင်းဆိုင်နှင့်အတူ လုံးချင်းဘန်ဂလိုများ၊ သီးသန့်အခန်းများ၊ ဂေါက်ကွင်းပန်းခြံများ တည်ဆောက်ထားပြီးဖြစ်၍ ခရီးသွားပြည်သူများနှင့်ယာဉ်လိုင်း ပိုင်ရှင်ကြီးများ၊ မော်တော်ယာဉ်မှူးကြီးများ လိုအပ်ပါကအသုံးပြုနိုင်ခြင်း၊
စသည့် အချက်ကို ပဏာမအနေဖြင့် ကြွရောက်လေ့လာကြည့်ရှု၍ လက်ရှိရပ်နားလျက်ရှိသော ယာဉ်လိုင်းများ အဆင်ပြေမှု ရှိ/မရှိ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် ရရှိလာသော အချက်အလက်များအပေါ်အခြေခံ၍ မိမိယာဉ်လိုင်းကို အသုံးပြုစီးနှင်းကြသော ခရီးသွားပြည်သူများအတွက် ပိုမိုအဆင်ပြေ ကောင်းမွန်သောနေရာတစ်ခုအဖြစ်သတ်မှတ်ပါက ကျွန်မတို့အနေဖြင့် ဝမ်းသာဂုဏ်ယူစွာဖြင့် လူကြီးမင်းတို့ယာဉ်လိုင်းနှင့် ညှိနိူင်းပူးပေါင်း ဧည့်ခံသွားရန်ဖိတ်ခေါ်ပါရစေရှင်
ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင် (ကျိုက်ထို) 𝟎𝟗 𝟗𝟓 𝟔𝟔𝟖𝟗𝟐𝟏𝟓 (ရန်ကုန်ရုံးချုပ်) 𝟎𝟗 𝟗𝟕𝟕 𝟐𝟎𝟐𝟏 𝟕𝟎/𝟏


ကြေငြာချက်များ
မြန်မာအစားအစာအသင့်စားဘူးများကို ပြည်တွင်း/ပြည်ပစျေးကွက်အတွင်းသို့ မကြာမီ ဖြန့်ချီရောင်းချသွားမည်
- ခိုင်ခိုင်ကျော် Catering Service (ကျွေးမွေးရေးတာဝန်အတွက်လိုအပ်လို့ရွေးချယ်မယ်ဆို သတိရပေးပါ၊)
- မိမိတို့၏ ယာဉ်လိုင်းကို ဝန်ဆောင်မှု အဆင့်မြင့်တင်ဖို့ စဉ်းစားနေကြပါသလား
- "ချက်ချင်းချက်...ချက်ချင်းလှူ" အစီအစဉ်
- လုပ်ငန်းသုံး လိုဂို နှင့် Trade Mark များနှင့်ပတ်သက်ပြီး အသိပေး ကြေငြာခြင်း
- စီးပွါးရေး လုပ်ငန်း ဖိတ်ခေါ်ခြင်း
- ထိုင်းနိုင်ငံတွင် စီးပွါးရေးလုပ်လိုသူများ အတွက် သတင်းကောင်း
သတင်းများ











