ကျိုက်ထို ဆိုင်ခွဲ ဖွင့်လှစ်ခြင်း
ကျွန်တော်တို့ ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင်ကို ရန်ကုန်တက္ကသိုလ် တောင်ငူဆောင် နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့ ရန်ကုန်-ကျိုက်ထို လမ်းမကြီး လက်ပြကျေးရွာအလွန် ဘောဓိ၉၀၀၀ အနီး အေးရိပ်ငြိမ်ရပ်ကွက် တွင့် ထပ်မံဖွင့်လှစ်လိုက်ပါပြီ။
ကျိုက်ထို ဆိုင်ခွဲသည် ရန်ကုန် - မော်လမြိုင် အဝေးပြေး ကားလမ်းမကြီးပေါ်ရှိ ကျိုက်ထို မြို့နယ် ၊ လက်ပြကျေးရွာ အလွန် ဗောဓိ ကိုးထောင် အနီး အေးရိပ်ငြိမ် အရပ် ၌ တည်ရှိပါသည်။ ဆံတော်ရှင် ကျိုက်ထီးရိုး ဘုရားကြီး နှင့် မိနစ် (၂၀)ခန့် ကွာဝေးပြီး ရန်ကုန်မြို့ မှ ကျိုက်ထို ဆိုင်ခွဲသို့ ကားမောင်းချိန် (၂း၃၀) ခန့် ကြာမြင့်ပါသည် ။ ဆိုင်ပတ်လည် ၌ ကားစီးရေ (၅၀) ရပ်နားနိုင်ရန် ကားပါကင် ရှိပြီး (VIP) Air-Con အခန်းများ ထားရှိပြီး မြန်မာ ထမင်းဟင်း နှင့် မြန်မာ့ရိုးရာ အစားအစာများ အပြင် တရုတ် ၊ ထိုင်း အစားအစာများကို ထည့်သွင်း စီစဉ်ထားပါသည် ။ ခိုင်ခိုင်ကျော် ဆိုင်သေးသေးလေးမှ စ၍ သက်တမ်း တလျှောက် ရရှိခဲ့သော အတွေ့အကြုံ ကောင်းများကို အခြေပြု၍ ခရီးသွား မိဘပြည်သူများ အတွက် စိတ်ချမ်းသာ မှု ရရှိစေရန် အကောင်းဆုံး စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည် ။
ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင် (၅မိုင်ခွဲ ဆိုင်ခွဲ)တွင် မနက်အဆာပြေစာများကို ရရှိနေပါပြီ။ မြန်မာ့ရိုးရာ အစားအစာများဖြစ်သော မုန့်လုံးရေပေါ်၊ မုန့်စိမ်းပေါင်း၊ ကောင်ညှင်းရွှေကြည်၊ ရွှေထမင်း တို့ကိုလည်း (၅မိုင်ခွဲ ဆိုင်ခွဲ)တွင် မှာယူစားသုံနိုင်ပါပြီ။
သတင်းများ