မစားရင်လဲ မစားဘူး ၊ စားရင်လဲ ခိုင်ခိုင်ကျော်မှာဘဲ စားချင်တယ်
သို့ တူမောင်
ပြီးခဲ့တဲ့ သီတင်းကျွတ် လပြည့်နေ့ က မင်း အဒေါ်နဲ့ ငါ ကားသစ်စမ်းရင်း မီးပွိုုင့်မှာ ကားပိတ်လို့ ရပ်နားတုန်း ဘေး Light Truck ပေါ်က အသံတွေ ကြားရတယ် ။ "မစားရင်လဲ မစားဘူး ၊ စားရင်လဲ ခိုင်ခိုင်ကျော်မှာပဲ စားချင်တယ် " .. ငါ့စိတ်က ရွာမှာ ဆိုင်ဖွင့်ထားတဲ့ မင်းဆီကို ရောက်သွားတယ် ...
မင်းစဉ်းစားကြည့် .. ကားပေါ်က ဒီလို ပြောတာ ယုံကြည်မှု ကြောင့်လား .. ဒါပေမယ့် ငါသိသလောက် ဒီဆိုင်က ရှင်းတယ် ၊ အချိုမှုန့် လုံး၀ မသုံးဘူး ၊ ပဲဆီစစ်စစ် သုံးတယ် ၊ ငါးမြင်းဆို ငါးမြင်း ၊ ငါးဖယ်ဆို ငါးဖယ် ၊ ကြက်ဆို ဗမာ ၊ တိတိလင်းလင်း ရေးထားတယ် ၊ ဆိုင်ထဲ ဝင်ပြီး ဘယ်နေရာ ကို လေ့လာချင်လဲ ၊ ဘာအကြောင်း သိချင်လဲ ၊ ကြိုက်တဲ့ ဝန်ထမ်း ကို လက်တို့ ပြီး မေး ၊ ဧည့်သည်တွေ မျက်နှာ မပျက်ချင်ရင် ဒီဆိုင်ကိုသာ ရဲရဲ ခေါ်သွား ၊ ဈေးနှုန်း လည်း ကြည့်ဦး ၊ ဆိုင်အားလုံး မှာ လိုက်စား ကြည့်ပြီးမှ အဲဒီ ဆိုင်ကိုသွား ၊ သဘောပေါက်လိမ့်မယ် ။ ကြော်ငြာ နဲ့ လက်တွေ့ ထပ်တူဖြစ်မှ ယုံကြည်မှု ဆိုတာ တည်ဆောက်လို့ ရတာ ၊ ဒီဆိုင် ဘာလို့ ဒီလို ဖြစ်လာရလဲ .. ?
ဝန်ဆောင်မှု ကြောင့်လား .. ? အရသာကြောင့်လား ... ?
သန့်ရှင်းမှုကြောင့် လား ... ? အရည်အသွေးကြောင့်လား ... ? ဈေးနှုန်း ကြောင့်လား .... ?
ကားပေါ်က အသံတွေ ဘာလို့ ထွက်လာတာလဲ .. မင်း စဉ်းစားကြည့်တော့ တူမောင် ....
သတင်းများ