ဝန်ဆောင်မှု ဌာန : 09 977 202 170 , 09 977 202 171 , 09 977 202 172

ဆိုင်ခွဲအသစ် မကြာမှီဖွင့်မည်

ဘန်ကောက်စတက်လာပြီး ခလောင်တိန်စျေးထဲမှာဖွင့်တော့... မြန်မာအမျိုးများအားမလို၊အားမရ ပြောခဲ့ကြတဲ့အသံတွေအမြဲကြားယောင်နေပါတယ်ရှင်၊ ခိုင်ခိုင်ကျော်ကိုသူတို့ဖြစ်စေချင်တဲ့စေတနာတွေ၊မေတ္တာတွေ၊ယုံကြည်မှုတွေ၊မျှော်လင့်ချက်တွေ သူတို့ရင်ထဲကထွက်လာကြတာ၊ဒါတွေကိုအမြဲလေးစားတန်ဖိုးထားပြီးနေ့စဉ် ကျွန်မတို့တစ်တွေ ကြိုးစားခဲ့ပါတယ်၊ "မဗေဒါ"ကတစ်ပင်တည်းပါ၊ သား/ငါး/အသီးအရွက်စျေးကြီးတစ်ခုဟာ ထမင်းဆိုင်တစ်ဆိုင်အတွက် အောင်မြင်မှုရဖို့အခြေခံနေရာတစ်ခုလို့ ယူဆထားပါတယ်ရှင်၊ ကိုယ့်နိုင်ငံမှာအတွေ့အကြုံတွေများခဲ့ပေမဲ့၊သူများနိုင်ငံမှာအလုပ်တစ်ခုစတင်ဖို့ဆိုတာ အခြေခံသဘောတရားတွေနားလည်ထားဖို့လိုပါတယ်၊ မြန်မာတွေ အချင်းချင်းကြွားစရာမလိုပါဘူးရှင်၊ တစ်ဖက်တစ်လမ်းက အကျိုးပြုနိုင်ဖို့ပဲလိုပါတယ်၊ ဒါကြောင့်...ကိုယ့်ကျွမ်းကျင်တတ်မြောက်ခဲ့တဲ့မြန်မာထမင်းဟင်း အစားအစာကိုစျေးသက်သာဖို့၊ကျန်းမာရေးနဲ့ညီညွတ်ဖို့ နေ့စဉ်ကြိုးစားနေပါတယ်ရှင်၊ ခလောင်တိန်ဆိုင်ခွဲ၊ ဖစ်ပူရီ(၃၁)ဆိုင်ခွဲ တွေဟာအကောင်းဆုံးမဖြစ်သေးပေမဲ့၊ စားသုံးသူအများစုရဲ့ မှတ်ကျောက်တင်ခြင်းကို ခံနိုင်ခဲ့ပါပြီ၊ အခု...မကြာမှီ ဆိုင်ခွဲအသစ်လေးတစ်ဆိုင် ထပ်ဖွင့်ပါအုန်းမယ်၊ အကောင်းဆုံးလို့တော့မပြောပါဘူးရှင်၊ ဒါပေမဲ့ မြန်မာအမျိုးများလက်ခံနိုင်တဲ့ အဆင့်ထက်ကျော်ဖို့တော့ တာဝန်ယူပြင်ဆင်နေပါတယ်၊ ဘာလို့လဲဆို...ကလောင်တိန်စျေးကြီး ရှိနေလို့ပါပဲရှင်၊

ဆိုင်နေရာသစ် စူခွန်ဗစ်(၄၂/၁)လမ်းထိပ်၊စူခွန်ဗစ်လမ်းမကြီးပေါ်၊ BTS အစိမ်းလိုင်းစီးလာရင် Phra Khanong နဲ့ Ekkamai ကြား Phra Khanong BTS ကလမ်းလျှောက်လာရင် 5 မိနစ် Ekkamai BTS ကလမ်းလျှောက်လာရင် 10 မိနစ် Bus ကားနဲ့ဆို Bus Gate Soi Sukhumvit 42/1 မှာဆင်းပြီး လမ်းလျှောက်ရင် 1 မိနစ် ကားရပ်တာတော့ ဆိုင်ဘေးနားက 42 Tee- off ဂေါက်သီးလေ့ကျင်ကွင်း Car parking မှာ ရပ်နားခနဲ့ဝင်ရပ်လို့ရပါတယ်၊ ဂေါက်သီးလေ့ကျင့်ပြီးလာစားရင်တော့ Free ပါ၊

အခု...မဖွင့်သေးဘူးနော်၊အောက်တိုဘာ(၂၀)ကျော်မှ ဖွင့်မှာပါ၊ နေ့စဉ်ကြွရောက်အားပေးတဲ့မြန်မာအမျိုးများကို အထူးကျေးဇူးတင်ပါတယ်၊

0992800747 0829255331

သတင်းများ

ဝန်ဆောင်မှုများ

ချိုင့်ဆွဲ စနစ်

အသေးစိတ်ဖတ်ရှုရန်

တစ်နပ်စာ ပါဆယ် Lunch Box

အသေးစိတ်ဖတ်ရှုရန်

Copyright © Khaing Khaing Kyaw Food Center. All rights reserved. Developed by MWP