"ချက်ချင်းချက်...ချက်ချင်းလှူ" အစီအစဉ်
ခိုင်ခိုင်ကျော်အား အစဉ်တစ်စိုက် အားပေးစားသုံးခဲ့ကြသော စားသုံးသူပြည်သူများ၏ ကုသိုလ်ဖြင့် သိန်း(၃၀၀) မတည်၍ ငလျင်ဒဏ်သင့် ပြည်သူများအတွက် နေ့စဉ်စားသောက်မှု အထောက်အပံ့ဖြစ်စေရန် တတ်စွမ်းသလောက်… နယ်လှည့်ချက်ပြုတ်လှူဒါန်းရေးအဖွဲ့ များသွားရောက်ကူညီပေးရန်စီစဉ်နေပါသည်။
"ချက်ချင်းချက်...ချက်ချင်းလှူ" အစီအစဉ်တွင်-
ကူညီချက်ပြုတ်မည့် အဖွဲ့များတွင်လုပ်အားဒါနအနေဖြင့် ပါဝင်လိုသော ရပ်ကွက်/မြို့ရွာ အသီးသီးရှိ သာရေး/နာရေးချက်ပြုတ်ကုသိုလ်ယူနေသည့်အဖွဲ့များကိုဖိတ်ခေါ်ပါသည်။
စိစစ်၊ တွေ့ဆုံ၍ သန့်ရှင်းမှုနှင့်အရသာ ပိုင်းကို သတ်မှတ်ချက်များနှင့်အညီဖြစ်ပါက သွားလာ/နေထိုင်/စားသောက်မှုအဝဝကို ကူညီလှူဒါန်းဖြည့်ဆည်းပေးပါမည်၊
ကိုယ်တိုင်၊ကိုယ်ကျလှူဒါန်းလိုသော အလှူရှင်များအတွက်လည်းစီစဉ်ပေးပါမည်။
မီးစက်/ မော်တော်ယာဉ်/ အအေးခန်းကား/ ဆန်၊ဆီ၊ကုန်ခြောက် /ကုန်စိမ်းပွဲရုံ၊ သား/ငါးဒိုင်များနှင့်ပါဆယ်ဘူး၊ ရေသန့်ကုမ္ပဏီများအနေဖြင့်လည်း ငလျင်ဒဏ်သင့် ရဟန်းသံဃာ၊သီလရှင်များ နှင့်ပြည်သူများကို ပူးပေါင်းပါဝင် လှူဒါန်းလိုပါက အတူလက်တွဲ၍ ကူညီသွားရန်ဖိတ်ခေါ်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်။
ပူးပေါင်းပါဝင်လှူဒါန်းကူညီမှုများကိုအချိန်တစ်ပြေးညီ ဖေါ်ပြပေးသွားပါမည်။
ဆက်သွယ်ရန်-
၀၉-၅၁၅၉၀၈၄
၀၉-၉၆၅၁၅၉၀၈၄
၀၉-၉၆၄၀၀၀၅၃၈
၀၉- ၂၆၀၃၉၇၇၆၀
၀၉- ၉၆၀၉၉၄၂၃၄
ကြေငြာချက်များ
မြန်မာအစားအစာအသင့်စားဘူးများကို ပြည်တွင်း/ပြည်ပစျေးကွက်အတွင်းသို့ မကြာမီ ဖြန့်ချီရောင်းချသွားမည်
- ခိုင်ခိုင်ကျော် Catering Service (ကျွေးမွေးရေးတာဝန်အတွက်လိုအပ်လို့ရွေးချယ်မယ်ဆို သတိရပေးပါ၊)
- မိမိတို့၏ ယာဉ်လိုင်းကို ဝန်ဆောင်မှု အဆင့်မြင့်တင်ဖို့ စဉ်းစားနေကြပါသလား
- "ချက်ချင်းချက်...ချက်ချင်းလှူ" အစီအစဉ်
- လုပ်ငန်းသုံး လိုဂို နှင့် Trade Mark များနှင့်ပတ်သက်ပြီး အသိပေး ကြေငြာခြင်း
- စီးပွါးရေး လုပ်ငန်း ဖိတ်ခေါ်ခြင်း
- ထိုင်းနိုင်ငံတွင် စီးပွါးရေးလုပ်လိုသူများ အတွက် သတင်းကောင်း
သတင်းများ











