ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင် ထိုင်းဆိုင်ခွဲ အသစ်ကို Pratunam ရှိ ဇော်ဂျီဘား ZawGyi Bar မှာ (10:00 A.M to 03:00 P.M) ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းကောင်းလေး ကြေညာပါရစေရှင်
ရွှေမြန်မာများရှင် ဇော်ဂျီဘား ရောက်ပြီဆို … ခိုင်ခိုင်ကျော် သို့ရောက်ပါပီနော်
ကျမတို့ ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင်ခွဲများဟာ ထိုင်းနိုင်ငံရောက် မြန်မာများ အတွက် ရည်ရွယ်ပြီးဖွင့်တာဖြစ်လို့ မြန်မာများ အကြိုက်ဖြစ်စေရန် ကြိုးစားထားပါတယ်ရှင်
ဧည့်သည်တော်များ၏ အကြံပြုချက် များကိုလည်း အမြဲအလေးထားပြီး ဖြည့်စွက်၊ပြင်ဆင်လုပ်ဆောင်သွားပါမယ်ရှင်
မြန်မာစာ စစ်စစ် စားချင်လို့ ဆိုင်လာတာ မြန်မာစစ်မှ ကြိုက်တယ်ဆိုတဲ့ ရွှေမြန်မာများအတွက် "ဘန်ကောက် ထမင်းဘား" ..ဟု တင်စား ပါရစေရှင်
ဇော်ဂျီဘား မှာ နံနက်ပိုင်း ဆို ခိုင်ခိုင်ကျော်က ထမင်း/ဟင်း ရောင်း ညပိုင်းဆို ..ဘားပေါ့ရှင်
ခိုင်ခိုင်ကျော် @ ဇော်ဂျီဘားဆိုင်ခွဲကို 11.3.2024 ရက်နေ့ မှာ စတင်ဖွင့်လှစ်သွားပါမယ်
ဆိုင်ဖွင့်ပွဲ အထူးအစီအစဉ်အဖြစ် မတ်လ (၁၁/၁၂/၁၃)ရက်နေ့များမှာ 15 % Off , DIscount ပေးသွားဦးမှာမို့ Pratunam ပတူနံ ရှိ ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင် @ Zawgyi Bar ဆိုင်သို့ ကြွရောက် အားပေး ချီးမြှင့်ကြပါဦးရှင်
ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင်
ဇော်ဂျီဘား ဆိုင်ခွဲ
Soi Phetchaburi 17, Pratunam, Bangkok.
Ph : 06 5458 0717, 09 9134 234

ကြေငြာချက်များ
မြန်မာအစားအစာအသင့်စားဘူးများကို ပြည်တွင်း/ပြည်ပစျေးကွက်အတွင်းသို့ မကြာမီ ဖြန့်ချီရောင်းချသွားမည်
- ခိုင်ခိုင်ကျော် Catering Service (ကျွေးမွေးရေးတာဝန်အတွက်လိုအပ်လို့ရွေးချယ်မယ်ဆို သတိရပေးပါ၊)
- မိမိတို့၏ ယာဉ်လိုင်းကို ဝန်ဆောင်မှု အဆင့်မြင့်တင်ဖို့ စဉ်းစားနေကြပါသလား
- "ချက်ချင်းချက်...ချက်ချင်းလှူ" အစီအစဉ်
- လုပ်ငန်းသုံး လိုဂို နှင့် Trade Mark များနှင့်ပတ်သက်ပြီး အသိပေး ကြေငြာခြင်း
- စီးပွါးရေး လုပ်ငန်း ဖိတ်ခေါ်ခြင်း
- ထိုင်းနိုင်ငံတွင် စီးပွါးရေးလုပ်လိုသူများ အတွက် သတင်းကောင်း
သတင်းများ











