ဝန်ဆောင်မှု ဌာန : 09 977 202 170 , 09 977 202 171 , 09 977 202 172

ခိုင်ခိုင်ကျော် ဘန်ကောက် မှာ ချိုင့်ဆွဲမှာလို့ရသလို စားချင်တဲ့ အထူးဟင်းပွဲများကိုလည်း မှာယူသုံးဆောင်လို့ရတယ်​နော်

ခိုင်ခိုင်ကျော် ဘန်ကောက် မှာ ချိုင့်ဆွဲမှာလို့ရသလို စားချင်တဲ့ အထူးဟင်းပွဲများ ကိုလည်း မှာယူသုံးဆောင်လို့ရတယ်​နော်။
ဆေးရုံ/ဆေးခန်း/ရုံးခန်း/အလုပ်ရုံ/စက်ရုံ/အိမ်/ ကျောင်း/အဆောင် ဘယ်ကနေပဲဖြစ်ဖြစ် သုံးဆောင်လိုတဲ့ ဟင်းလျှာများအပြင်၊ အကြော်အလှော်နဲ့အခြောက်အခြမ်း များကိုလည်း (၁)ရက် ကြိုတင်အော်ဒါတင်ပြီး မှာယူသုံးဆောင်နိုင်ပါတယ်။

နံနက်ခင်း ဆိုင်ဖွင့်ချိန်မှစပြီး နံနက်စာ ပေါ့ပေါ့ပါးပါး သုံးဆောင်လိုသူများအတွက်တော့ ထမင်းဆီဆမ်း၊ ထမင်းကြော်၊မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ နန်းကြီးသုပ်၊နန်းပြားသုပ်၊ ခေါက်ဆွဲသုပ်၊ ကြာဇံသုပ်၊အစုံသုပ် တို့ကိုသုံးဆောင်နိုင်ပါတယ်။ နေ့စဉ်ပုံမှန် ထုတ်လုပ်ရောင်းချတဲ့ ဟင်းပွဲများကို ဆိုင်မှာလာရောက်သုံးဆောင်တဲ့ ဧည့်သည်တော်များ အတွက်ကတော့ မိမိနှစ်သက်ရာ ဟင်းပွဲနဲ့မှာယူသုံးဆောင်နိုင်တဲ့အပြင် ငပိ/တို့စရာ၊အရံဟင်း နဲ့ အချိုပွဲ တို့ကို ဘူဖေး ခင်းထားပေးတဲ့အတွက် ကုန်သလောက်စိတ်ကြိုက် ကိုယ်တိုင်ယူစနစ်နဲ့ သုံးဆောင်နိုင်ပါတယ်။

LINE MAN ,Grab Application မှတဆင့် ဟင်းပွဲများမှာယူသုံးဆောင်တဲ့ Customer အတွက်တော့ ငပိ/တို့စရာ၊အရည်သောက် နဲ့ အရံဟင်းကို လက်ဆောင်ထည့်ပေးပါတယ်။

ဆိုင် Location လမ်းညွှန် -

“KHLONG TOEI MARKET”
RAMA 4 ROAD ကလာမယ်ဆို FYI CENTER ရှေ့တည့်တည့်မှာ တည်ရှိပြီး MRT နဲ့လာမယ်ဆို “Queen Sirikit National Convention Centre” နဲ့ အနီးဆုံး မှာရှိပါတယ်။ Exit 1 , Rama 4 Intersection (Khlong Toei Market) လာရင် ပိုနီးပါတယ်။

ကားမောင်းပြီးလာမယ်ဆိုရင်တော့
SUNTHON KOSA ROAD ကလာ Soi 8 ကိုတည့်တည့်ဝင်လာရင် ကုန်စိမ်းရောင်းတဲ့ဆိုင်အထိလာပြီး ဆိုင်ရဲ့ဘေး ညာဘက်ကိုချိုးဝင်လိုက်တာနဲ့ Car Parking ဝင်းကြီးမှာ ကားထားခဲ့ပြီး စျေးကြီးရဲ့ လတ်ဆတ်တဲ့ အငွေ့အသက်နဲ့ စျေးဝန်းအတွင်း သွားလာလှုပ်ရှား နေတဲ့အမြင်အာရုံ ကိုလေ့လာ ခံစားရင်း လမ်းလျှောက်လာလို့ရပါတယ်။ “တလ ခလောင်တိန် - တလတ်ဆီ ချမ်းဆော်” ဆို စျေးသူစျေးသားများ အားလုံး သိကြပါတယ်။

ဆိုင်ဖွင့်ချိန် နံနက် 6:30 မှ 19:30
စားသုံးသူများအားလုံး အဆင်ပြေစေရန်
အတွက်အမြဲ ကြိုးစားနေပါတယ်


0654580717

 

သတင်းများ

ဝန်ဆောင်မှုများ

ချိုင့်ဆွဲ စနစ်

အသေးစိတ်ဖတ်ရှုရန်

တစ်နပ်စာ ပါဆယ် Lunch Box

အသေးစိတ်ဖတ်ရှုရန်

Copyright © Khaing Khaing Kyaw Food Center. All rights reserved. Developed by MWP