အမြန်လမ်းပေါ် ... ခိုင်ခိုင်ကျော်
မော်တော်ယာဉ်မှူးကြီးများနဲ့ စားသုံးသူများရှင့်…
“Toll Gate” ရောက်တိုင်းသတိရပေးပါ။
အမြန်လမ်းပေါ် ... ခိုင်ခိုင်ကျော်
(၃၉)မိုင်မှာ မတ်လ(၃၀)ရက်နေ့ စတင်ဖွင့်လှစ်ပါမယ်ရှင်၊
ထမင်းစားချိန်မဟုတ်လည်း ဝင်ပါ၊ နားပါ၊ သီးသန့်ခန်းများလည်းရှိပါတယ်ရှင်။ အလျှင်လိုလို့၊ အရောက် မောင်းမယ် မှန်းထားရင်လည်း၊ ဗိုက်ဆာတဲ့အချိန် ထမင်းဘူးလေး ကားပေါ်အရန်သင့်စားလို့ ရအောင် စုံစုံလင်လင်လေးထည့်ပြီး စီစဉ်ပေးလိုက်ပါမယ်။
နာမည်က... ဆန်လုံးညို ကျန်းမာရေး အမြန်လမ်း ထမင်းဘူး။
ကြိုတင်ဖုန်းဆက်မှာခဲ့ရင် (၃၉)မိုင် အမြန်လမ်းဘေး ဝင်ပေါက်ဝမှာ စောင့်ပြီးထွက်ပေးဖို့ စီစဉ်ပေးပါမယ်နော်။ မုန့်ဟင်းခါး၊အုန်းနို့၊အသုတ်စုံ လက်ပံပျားကြက်ကြော် (ခုကြော်/ခုစား)နဲ့ အညာထမင်းဆီဆမ်းပူပူလေး၊ ထမင်းကြော်၊လဘက်ရည်၊ကော်ဖီ မြန်မာမုန့်လေးတွေလည်းပြင်ဆင်ထားပါမယ်ရှင်။ ငပိ/တို့စရာ၊အရံဟင်း၊အချိုပွဲတွေ ကတော့ သိပြီးသား ခိုင်ခိုင်ကျော် စတိုင်လ်ပါပဲနော်။ နေ့စဉ်ကောင်းအောင်ကြိုးစား ထားပါတယ်ရှင်။
မော်တော်ယာဉ်မှူးကြီးများအတွက် သီးသန့်(Aircon)အခန်းကျယ်စီစဉ်ပေး ထားပါတယ်ရှင်။ ပျော်ရွှင်စရာ ခရီးစဉ်လေး ဖြစ်ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်
ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင်
အမြန်လမ်း၊ (၃၉)မိုင်ယာဉ်ရပ်နား စခန်း၊
ဖုန်း(၀၉-၉၇၇၂၀၂၁၇၀)
သတင်းများ