ခိုင်ခိုင်ကျော် ရဲ့ အထူးချိုင့်ဆွဲဆိုတာ ဘာလဲ?
အထူးချိုင့် မှာယူကြသည့် ဧည့်သည်များ အနေဖြင့် ပုံမှန် ရိုးရိုးချိုင့် နဲ့ မတူဘဲ မီနူး ရွေးချယ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ အဓိက ဟင်းလျာအတွက် အသား (၂)မျိုး၊ ငါး(၂)မျိုး ပေးထားပြီး ဧည့်သည်မှ မိမိကြိုက်နှစ်သက်ရာ အဓိက ဟင်းလျာ (၂)မျိုးကို ရွေးချယ် မှာယူနိုင်ပါတယ်။ အရံဟင်းလျာ အတွက်လည်း မီနူး (၄) မျိုးပေးထားပြီး ဧည့်သည်မှ မိမိကြိုက်နှစ်သက်ရာ အရံဟင်း (၂)မျိုးကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ထိုသို့ ရွေးချယ်ခွင့်အပြင် အချိုပွဲ (၁)မျိုး ၊ အရည်သောက် ဟင်းချို (၁)မျိုး နဲ့ မြန်မာတို့ အကြိုက် ငါးပိရည်တို့စရာ တို့ကိုပါ ရရှိမှာ ဖြစ်ပါတယ်။ အထူးချိုင့် ဆိုတဲ့ နာမည်နဲ့ အညီ ထူးခြားကောင်းမွန်ပြီး အရသာရှိလှတဲ့ အထူးဟင်းလျာများ ပါဝင်မှာမို့ မှာယူကြသော ဧည့်သည်များ အနေဖြင့် အထူးစိတ်ကျေနပ်မှု ရရှိစေမှာပါ။
အထူးချိုင့်ဆွဲကို မှာယူလိုက်တဲ့ ဧည်သည်များအတွက် သေသပ်လှပသော ပုံစံလေး နဲ့ အရသာရှိသော ဟင်းလျာလေးများက လူကြီးမင်းတို့ အိမ်သို့ နေ့စဉ် ကိုယ်တိုင်ချက်ပြုတ်စရာမလိုအပ်ဘဲ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဓာတ်ပုံများထဲမှာ ကြည့်ကောင်းစားချင် စဖွယ် ဖြစ်သလို လူကြီးမင်းတို့၏ အိမ်/ရုံး/ဆိုင်များသို့ ခိုင်ခိုင်ကျော်၏ အထူးချိုင့်ဆွဲ ရောက်ရှိလာရင်လည်း အဖက်ဖက်က လက်တွေ့ကောင်းမွန်ရန် အထူးကြိုးစားထားပါတယ်
ထူးခြားပြီး အရသာရှိတဲ့ မြန်မာဟင်းလျာများ အတွက် အထူးချိုင့်ဆွဲ ကို ယခုဘဲ မှာယူလိုက်ပါ



ကြေငြာချက်များ
မြန်မာအစားအစာအသင့်စားဘူးများကို ပြည်တွင်း/ပြည်ပစျေးကွက်အတွင်းသို့ မကြာမီ ဖြန့်ချီရောင်းချသွားမည်
- ခိုင်ခိုင်ကျော် Catering Service (ကျွေးမွေးရေးတာဝန်အတွက်လိုအပ်လို့ရွေးချယ်မယ်ဆို သတိရပေးပါ၊)
- မိမိတို့၏ ယာဉ်လိုင်းကို ဝန်ဆောင်မှု အဆင့်မြင့်တင်ဖို့ စဉ်းစားနေကြပါသလား
- "ချက်ချင်းချက်...ချက်ချင်းလှူ" အစီအစဉ်
- လုပ်ငန်းသုံး လိုဂို နှင့် Trade Mark များနှင့်ပတ်သက်ပြီး အသိပေး ကြေငြာခြင်း
- စီးပွါးရေး လုပ်ငန်း ဖိတ်ခေါ်ခြင်း
- ထိုင်းနိုင်ငံတွင် စီးပွါးရေးလုပ်လိုသူများ အတွက် သတင်းကောင်း



