ဝန်ဆောင်မှု ဌာန : 09 977 202 170 , 09 977 202 171 , 09 977 202 172

ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင် ကျေးဇူးတင်လွှာ

  • ကားတစ်စီး ၊ စားသုံးသူ တစ်ယောက် ကို မျှော်ရင်း ခိုင်ခိုင်ကျော် ကို စခဲ့ရတာပါ ။ 
  • ခိုင်ခိုင်ကျော်မှာ ထမင်းစားရင် ဈေးမကြီးဘူး ၊ သန့်ရှင်းတယ် ၊ စေတနာပါတယ် ။ ပဲဆီ စစ်စစ်သုံးတယ် ။ အချိုမှုန့် လုံး၀ မသုံးဘူး ။ ငါးဒန်ကို ငါးမြင်း ပြော မရောင်းဘူး ၊ ငါးဖယ် က ငါးဖယ် ၊ ငါးခြစ်က ငါးခြစ်ပဲ ၊ ကြက်ဆို ဗမာ ၊ ငါးခူ ဆို သဘာဝပဲ ။
  • စားသုံးသူ တွေ အတွက် နေ့စဉ် လုပ်ဆောင်မှု တွေ ကို ခိုင်ခိုင်ကျော် က မှတ်ကျောက် တင်ခံ နိုင်ခဲ့ပါတယ် ။ 
  • ဆိုင်ရဲ့ မှန်ကန်မှု သက်သေ ဟာ ဆိုင်ဝန်ထမ်းတွေ ဖြစ်ခဲ့ရပါတယ် ။
  • နာဂစ်လို နေ့မျိုး မှာတောင် ဝန်ထမ်းတွေ ရဲ့ စုပေါင်းအား နဲ့ ထမင်းချိုင့် တွေကို အိမ်တွေ အရောက်ပို့ပေးနိုင်ခဲ့ပါတယ် ။ 
  • နာဂစ် ဟာ ခိုင်ခိုင်ကျော် ရဲ့ သမိုင်းပါ ။
  • ဗိုက်ဆာလို့ ဝင်စားရင် မြန်မြန်လုပ်မှ ကြိုက်တယ် ကွ 
    အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးသည် ပထမ၊
    အရသာ ကောင်းမွန်ရေး သည် ဒုတိယ ဆောင်ပုဒ်များ ၊ ကို လက်ကိုင်စွဲ၊
    ဝန်ထမ်းများ ကို ဗဟိုပြု ချီတက်ခဲ့ရာ ယနေ့ မွန်ပြည်နယ် ကျိုက်ထို (ဆိုင်ခွဲ) ကို (၅)ဆိုင်မြောက် ဖွင့်လှစ်နိုင်ခဲ့ပါပြီ ။ မကြာမီ နေပြည်တော် မှာ ဆက်လက်ဖွင့်နိုင်ရန် စီစဉ် ဆောင်ရွက်ပြီးဖြစ်ပါတယ်။
  • အခက်အခဲ ၊ အကြပ်အတည်း များကို လည်း မိမိရဲ့ လုပ်ဆောင်မှု ၊ စားသုံးသူ များ ရဲ့ အားပေးမှု ၊ သက်ဆိုင်သူ တွေရဲ့ ပံ့ပိုးမှုတွေ နဲ့ ဖြေရှင်း နိုင်ခဲ့ပါတယ် ။
  • အခု ဆိုရင် စားသုံးသူ များ အတွက် အရသာ ၊ အရည်အသွေး ၊ အစားအစာ ဘေးကင်း လုံခြုံသန့်ရှင်းမှု တို့ အတွက် နိုင်ငံတကာ အသိအမှတ်ပြု Unilever Food Solution နဲ့ နှစ်ဦး သဘောတူ လက်မှတ်ရေးထိုးပြီး လုပ်ဆောင်လျှက်ရှိပါတယ် ။ Unilever Food Solution ၏ အကြံပြုခုျက် အရ CK (Central Kitchen) ကို လုပ်ဆောင်ပြီး မြန်မာ ထမင်းဟင်းများကို ပြည်ပ မှ စားဖိုမှုးများ နဲ့ ညှိနှိုင်းတိုင်ပင်ကာ နိုင်ငံတကာ အဆင့်အတန်း တစ်ခု သို့ ရောက်ရှိအောင် ကြိုးစားနေပါတယ်။
  • ခိုင်ခိုင်ကျော် အနေဖြင့် ထမင်းချိုင့် ၊ ထမင်းဘူး များကို အိမ်အရောက် ပို့ဆောင်ပေးခြင်း ၊ စက်ရုံ ၊ ကုမ္ပဏီ များကို လက်ခံ ကျွေးမွေး ပေးခြင်း နှင့် အလှူ ၊ အခမ်းအနားများ ၌ စီစဉ် ချက်ပြုတ်ဧည့်ခံ ပေးလျက် ရှိပါသည်။
  • နေ့စဉ် ချက်ပြုတ် ပြင်ဆင်မှု များကိုလည်း ကြွရောက် လေ့လာနိုင်ရန် ဖိတ်ခေါ်ပါသည်။
  • ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင် အား အတွေ့အကြုံ ၊ ဗဟုသုတ များစွာ ပေးခဲ့ ပါသော မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင် အသင်း ၊ တစ်ခဲနက် အားပေးခဲ့ကြသော ရဟန်းရှင်လူ မိဘပြည်သူ အပေါင်းနှင့် လုပ်ဖော်ကိုင်ဖက်များ ၊ ပစ္စည်း ပေးသွင်းသူ အားလုံးကို ကျေးဇူး အထူး တင်ရှိပါသည်။

သတင်းများ

ဝန်ဆောင်မှုများ

ချိုင့်ဆွဲ စနစ်

အသေးစိတ်ဖတ်ရှုရန်

တစ်နပ်စာ ပါဆယ် Lunch Box

အသေးစိတ်ဖတ်ရှုရန်

Copyright © Khaing Khaing Kyaw Food Center. All rights reserved. Developed by MWP